ဝေါလေမြိုင်      စက်တင်ဘာ                 ၂၇

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့တွင် စက်တင်ဘာ ၂၆ ရက်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပိုပိချောင်းမှ တောင်ကျရေများ အရှိန်အဟုန်ပြင်းစွာ စီးဆင်းလာပြီး မြဝတီ-ဝေါလေမြိုင် လမ်းရှိ ဝင်းဝင်းမြိုင်တံတား၏ ချဉ်းကပ်လမ်းပိုင်း ပေ ၅၀ခန့် ပျက်စီးပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ တံတားသည် မြဝတီ-ဝေါလေမြိုင်လမ်းပိုင်း ၇၅ ဒသမ ၅ ကီလိုမီတာတွင် တည်ရှိကာ အရှည် ပေ ၁၂၀၊ အကျယ် ၁၇ ပေ ရှိပြီး မြဝတီမြို့နှင့် ဝေါလေမြိုင်မြို့တို့ကို အဓိက ဆက်သွယ်ထားသော တံတားတစ်စင်း ဖြစ်သောကြောင့် လမ်းပန်းဆက်သွယ်ရေး ယာယီပြတ်တောက်လျက်ရှိကာ လမ်းဦးစီးဌာနမှ အမြန်ဆုံးပြုပြင်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နိုင်မျိုးသင်း(ပြန်/ဆက်)