စုကလိ ၁၈ ဇွန်
ကရင်ပြည်နယ် မြဝတီခရိုင် စုကလိမြို့ စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club)မှ စာဖတ်ဝိုင်းအား ယနေ့နံနက် ၁၀ နာရီက ပြည်သူ့စာကြည့်တိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့အုပ်ချုပ်ရေးမှူး ဦးဇော်သန်းက စာဖတ်ဝိုင်းဆက်လက် ဖွံ့ဖြိုးအောင်မြင်လာစေရေး ကြိုးပမ်း ဆောင်ရွက်သွားကြရန် အမှာစကား ပြောကြားခဲ့သည်။ ယင်းနောက် စာဖတ်ဝိုင်းကို စာရေးဆရာချစ်နိုင်(စိတ်ပညာ) ရေးသားသည့် "အားတင်းထား" စာအုပ် အခန်း(၄)မှ ပညာနှင့် ငွေခေါင်းစဉ်ဖြင့် အသင်းအဖွဲ့ဝင် ဦးဇော်သန်းဦးက လည်းကောင်း၊ အသင်းဘဏ္ဍာရေးမှူး ဒေါ်ဝေမွန်ရည်မောင်မှ အခန်း(၉)ပါ ခေါင်းဆောင်မှုခေါင်းစဉ်ဖြင့် လည်းကောင်း၊ အသင်းအဖွဲ့ဝင် ဒေါ်ပိုပိုအောင်မှ အခန်း(၁၀)မှ စကားပြောစွမ်းရည်ဖြင့် လည်းကောင်း အသီးသီး ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် စာပေဝါသနာရှင်များမှ စာပေရသအတွေ့အကြုံများအား အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အောင်စံထွန်း (ပြန် /ဆက်)
