မြဝတီခရိုင်၊ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်၊ ကုသရေးခရိုင်အဆင့်ကော်မတီသို့ နှာခေါင်းစည်း ၅၀၀၀ နှင့် PPE ဝတ်စုံ ၅၀ လှူဒါန်း

မြဝတီ  ၅  မေ

 

ကရင်ပြည်နယ်၊ မြဝတီခရိုင် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးခရိုင်အဆင့်ကော်မတီထံသို့ နှာခေါင်းစည်း အခု ၅၀၀၀ နှင့် PPE ဝတ်စုံ ၅၀ တို့အား ယနေ့ နံနက် ၁၁ နာရီက လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

           

ထိုသို့ လှူဒါန်းရာတွင် ဦးခင်မောင်လှ+ဇနီးဒေါ်ဆွေဆွေနှင့် သမီး-မီးယူ Gloval Asia Trade Co..LtdNAGOYA (JAPAN)မှ လာရောက် လှူဒါန်းခြင်းဖြစ်ရာ မြဝတီခရိုင် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ခရိုင်အဆင့် ကော်မတီနာယက ကရင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်နှင့် အဖွဲ့ဝင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကို တို့မှ လက်ခံပေးခြင်း ဖြစ်သည်။

 

လှူဒါန်းပစ္စည်းများမှာ နှစ်ခေါင်းစည်းအခု ၅၀၀၀ နှင့် PPE ဝတ်စုံ ၅၀ လှူဒါန်းခြင်း ဖြစ်ပြီး အသွားအလာ ကန့်သတ်ရေး စောင့်ကြည့်ရေးစခန်းများနှင့် အခြား လိုအပ်သည့် နေရာများတွင် ထပ်မံဖြန့်ဝေလှူဒါန်းသွားမည်ဖြစ်ကြောင်း ကရင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်  ဦးသန့်ဇင်အောင်က ပြောသည်။

                                                                                               

ထိန်လင်းအောင်(ပြန်/ဆက်)