မြဝတီ၊ ၂၀ မေ

 

ကရင်ပြည်နယ် မြဝတီမြို့ အမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ပေးသည့် အသက်(၈၅)နှစ်နှင့်အထက် လူမှုရေးပင်စင် ထောက်ပံ့ငွေများကို မေ ၂၀ ရက် နံနက် ၁၁ နာရီက ပေးအပ်ခဲ့ကြောင်း သိရသည်။

 

မြဝတီမြို့ အမှတ်(၁)ရပ်ကွက်ရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွား (၅)ဦးအား လူမှုရေးပင်စင်အဖြစ် (ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်) သုံးလစာအတွက် တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် (၃၀၀၀၀)နှုန်းဖြင့် စုစုပေါင်း ငွေကျပ် (၁၅၀၀၀၀)ကို မြဝတီမြို့ အမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်သန်းနှင့် မြဝတီခရိုင် အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်ကေခိုင်တို့က သက်ကြီးဘိုးဘွားများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

 

မန်းသန်းရွှေမြင့်