မြဝတီ ၄ ဇွန်
ထိုင်းနိုင်ငံမှ မြန်မာ့ရွှေ့ပြောင်းလုပ်သားများအား မေလ ၁ ရက်နေ့မှစ၍ လက်ခံခဲ့ရာ ယနေ့တွင် မြဝတီမြို့ အမှတ် ၂ ချစ်ကြည်ရေးတံတားမှ တစ်ဆင့် ၁၅၄၇ ဦး ပြန်လည်ဝင်ရောက်လာကြောင်း သိရသည်။
ထိုသို့ ပြန်လည်ဝင်ရောက်လာသူများအနက် ၂၁၇ ဦးသည် ထိုင်းနိုင်ငံမော်ချစ်ကားဂိတ်မှ ကား ၁၀ စီးဖြင့် နှစ်နိုင်ငံအစိုးရညှိနှိုင်းမှု ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏အစီအစဉ်ဖြင့် ပြန်လည်ဝင်ရောက် သူများဖြစ်ပြီး ကျန် ၁၃၃၀ သည် ထိုင်းနိုင်ငံ ဒေသအသီးသီးမှ ၎င်းတို့၏အစီအစဉ်ဖြင့် ပြန်လည် ဝင်ရောက်လာသူများ ဖြစ်သည်။
ပြန်လည်ဝင်ရောက်လာသူများအား ကျန်းမာရေးစစ်ဆေးမှုနှင့် အခြားသောလိုအပ်ချက်များကို ဆောင်ရွက်နိုင်ရန်အတွက် ကရင်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်အောင်နှင့် ခရိုင်အဆင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိသည်။
ပြန်လည်ဝင်ရောက် လာသူများအနေဖြင့် မေ ၁ ရက်နေ့တွင် ၆၀၊ မေ ၂ ရက်တွင် ၅၄ ဦး၊ မေ ၃ ရက်တွင် တစ်ဦး၊ မေ ၄ ရက်တွင် ၄၄ ဦး၊မေ ၅ ရက်တွင်၂၃ ဦး၊ မေ ၆ရက်နှင့် ၇ ရက်တို့တွင် ဝင်ရောက်ခြင်း မရှိဘဲ မေ ၈ ရက်တွင် ၁၀ဝ၊မေ ၉ ရက်တွင် ဝင်ရောက်ခြင်းမရှိဘဲ မေ ၁၀ ရက်နေ့တွင် ၄၄ ဦး၊ မေ ၁၁ ရက်နေ့တွင် ၁၃ ဦး၊မေ ၁၂ ရက်နေ့တွင် ၄၁ ဦး၊ မေ ၁၃ ရက်နေ့တွင် ၁၆ ဦး၊မေ ၁၄ တွင် ၃၈ ဦး၊မေ ၁၅ တွင် ၁၂၀ ၊မေ ၁၆ ရက်နေ့တွင် ၇၆ ဦး၊ မေ ၁၇ တွင် ၉၀ ၊ မေ ၁၈ ရက်နေ့တွင် ဝင်ရောက်ခြင်းမရှိဘဲ၊ မေ ၁၉ ရက်နေ့တွင် ၆၄ ဦး၊မေ ၂၀ နှင့် ၂၁ ရက်နေ့တွင် ဝင်ရောက်ခြင်းမရှိဘဲ၊ မေလ ၂၂ ရက်နေ့တွင် ၃၆ဦး၊မေ ၂၃ ရက်နေ့တွင် ၆၀၄ ဦး၊ မေ ၂၄ ရက်နေ့တွင် ၁၁၁၈ ဦး၊ မေ ၂၅ ရက်နေ့တွင် ၁၂၇၇ ဦး၊ မေ ၂၆ ရက်နေ့တွင် ၁၃၉၄ ဦး၊ မေ ၂၇ ရက်နေ့တွင် ၁၄၃၄ ဦး၊ မေ ၂၈ ရက်နေ့တွင် ၁၁၆၈ ဦး၊မေ ၂၉ ရက်နေ့တွင် ၁၂၀၂ ဦး၊ မေ ၃၀ ရက်နေ့တွင် ၁၁၅၂ ဦး ၊မေ ၃၁ ရက်နေ့တွင် ၁၅၁၁ ဦး၊ ဇွန် ၁ ရက်နေ့တွင် ၁၀၄၃ ဦး၊ ဇွန် ၂ ရက်နေ့တွင် ၁၅၁၇ ဦးနှင့် ယနေ့တွင် ၁၅၄၇ ဦး ပြန်လည် ဝင်ရောက်လာခဲ့ပြီး စုစုပေါင်း ၁၅၇၈၇ ဦး ပြန်လည်ဝင်ရောက်ခဲ့ပြီး ဖြစ်သည်။ အဆိုပါနေ့အလိုက် ပြန်လည်ဝင်ရောက်လာသူများအနက် မေ ၁၃ ရက်နေ့မှ မေ ၁၇ ရက်နေ့အထိ ပြန်လည် ဝင်ရောက်သူများနှင့် မေ ၁၇ ရက်နေ့တွင် ဝင်ရောက်လာသူ ၉၀ ဦးအနက် ၄၅ ဦး၊ မေ ၂၇ တွင် ဝင်ရောက်လာသူ ၁၄၃၄ ဦးအနက် ၅၂ ဦးတို့အနေဖြင့် ထိုင်းနိုင်ငံတွင် ပြစ်ဒဏ်ခံရပြီးသော သူများနှင့် အချုပ်မှ ပြန်လည်လွတ်မြောက်လာသူများဖြစ်သဖြင့် ထိုင်းနိုင်ငံ တာဝန်ရှိသူများက လာရောက် လွှဲပြောင်းပို့ဆောင် ပေးခဲ့ခြင်းဖြစ်သည်။
ယနေ့ ပြန်လည်ဝင်ရောက်လာသူများအနေဖြင့် တိုင်းဒေသကြီး ပြည်နယ်အသီးသီးမှ အမျိုးသား ၉၀၇ ဦး၊ အမျိုးသမီး ၆၄၀ စုစုပေါင်း ၁၅၄၇ ဦးဖြစ်ကြောင်း သိရသည်။
မန်းသန်းရွှေမြင့်


