mdn

မြဝတီ ဒီဇင်ဘာ ၂၆

ကရင်ပြည်နယ်၊ မြဝတီမြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့မကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းတွင် ယနေ့နံနက် ၈ နာရီက အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ အခမ်းအနားကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်က ကျောင်းသား/ကျောင်းသူများ ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြက်သော နိုင်ငံသားများဖြစ်လာစေရန် ရည်ရွယ်၍ ယခုလို အားကစားပြိုင်ပွဲများ ကျင်းပပြုရခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက အားကစားပြိုင်ပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ထို့နောက် မြို့မကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းမှ ကျောင်းသား/ကျောင်သူများကို အသင်း(၄)သင်းဖွဲ့ကာ စက်ဘီးနင်းပြိုင်ပွဲ၊ အပြေးပြိုင်ပွဲ၊ ဘောလုံးခြင်းထည့်ပြိုင်ပွဲနှင့် အခြားပြိုင်ပွဲများကို   ဝင်ရောက်ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရအသင်းများအား ဆုများအသီးသီးချီးမြှင့်ခဲ့ကြောင်း သိရသည်။

မန်းသန်းရွှေမြင့်(ပြန်/ဆက်)