မြဝတီ ၂၁ မတ် 

ကရင်ပြည်နယ်၊ မြဝတီမြို့၌ အမှိုက်များကင်းစင်စေရန်နှင့် မြို့အတွင်း သန့်ရှင်းလှပစေရေးတို့ကို ရည်ရွယ်၍     မြို့တော်စည်ပင်သာယာရေးဥက္ကဌ ဦးသန်းရွှေ ဦးဆောင်၍ ဌာနဆိုင်ရာများနှင့်ပူပေါင်း၍  အမှိုက်ကောက်ခြင်း စုပေါင်းသန့်ရှင်းရေးကို မြဝတီမြို့  အမှတ် ၅ ရပ်ကွက် ဦးအောင်ဇေယျလမ်း၌   ယနေ့နံ နက် ၇ နာရီက စတင်ဆောင်ရွက်ခဲ့သည်။

 

‌ေ

 

အဆိုပါဆောင်ရွက်မှုကို ကရင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်၊ မြဝတီခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးဦးအောင်ချမ်းငြိမ်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦး ဖြိုးဇော်ကိုကိုတို့က သွားရောက်ပြီး ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။    

မန်းသန်းရွှေမြင့်(ပြန်/ဆက်)