မြဝတီ ၂၀ ဇန်နဝါရီ
စားသုံးသူရေးရာနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီက ကရင်ပြည်နယ် မြဝတီမြို့ရှိ အမှတ်(၅)ရပ်ကွက် ဝါးတောစိုက်ပျိုးရေးဇုန်တွင် ပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသိန်းဇော်က စားသုံးသူရေးရာအကြောင်းနှင့် စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေပါအကြောင်းအရာများကို လည်းကောင်း၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်သိန်းသန်းဌေးက စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာဖတ်ခြင်းအကျိုး သိကောင်းစရာများကို လည်းကောင်း အသိပညာပေး ဟောပြောခဲ့သည်။
ဟောပြောပွဲသို့ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပြီး သိရှိလိုသည်များ မေးမြန်းကြရာ တာဝန်ရှိသူများမှ ပြန်လည် ဆွေးနွေးဖြေကြားခဲ့ကြောင်း သိရသည်။
ထိန်လင်းအောင်(ပြန်/ဆက်)
