မြဝတီ ဇူလိုင် ၈
ကရင်ပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် မြဝတီမြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် မြဝတီမြို့ ဆန်ကုန်သည်ကြီးများအသင်းတို့ ပူးပေါင်းကာ ဇူလိုင် ၈ ရက် နံနက်ပိုင်းက မြဝတီမြို့၊ ဘုရင့်နောင်ဈေးကြီးရှေ့တွင် ဇီယာ(ရှယ်) တစ်ပြည်လျှင် ကျပ် ၅၀၀၀ အထူးဈေးနှုန်းဖြင့် ဒေသခံပြည်သူများအား အိမ်ထောင်စုတစ်စုလျှင် သုံးပြည်နှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ဇာဖြူဝင်း(မြဝတီ)


