မြဝတီ ၂၁ မတ်
COVID-19 ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်နှံ့မှုကြောင့် မြဝတီမြို့၌ နယ်စပ်ဂိတ်များ ပိတ်ပင်ခဲ့ပြီး တရားမဝင် နယ်စပ်ဖြတ်သန်းသွားလာမှု မရှိစေရေး စိစစ်ကြပ်မတ်ဆောင်ရွက်လျက်ရှိရာ လတ်တလော နယ်မြေဒေသ အခြေအနေအရ လှေဆိပ်များမှတစ်ဆင့် သောင်ရင်းမြစ်အတွင်းဖြတ်သန်းသွားလာလျက်ရှိသည့် လုပ်သားပြည်သူအများ သွားရေးလာရေး အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း သိရှိရပါသဖြင့် ပြည် နယ်အစိုးရအဖွဲ့ ခွင့်ပြုချက်ဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ မှပြေးဆွဲခွင့်ပြုထားသည့် စက်လှေဂိတ်များ ဖြစ်သည့် Seagull ဂိတ်၊ ဘောဂိတ် နှင့် မိုးကုတ်ဂိတ်များ မှ တစ်ဆင့် မတ် ၂၀ ရက်နေ့မှစ၍ နံနက် ၆ နာရီ မှ ၉ နာရီ အတွင်း နှင့် ညနေ ၄ နာရီ မှ ၇ နာရီအတွင်း သောင်ရင်းမြစ်အတွင်းမှ ဖြတ်သန်းသွားလာနိုင်ရေးအတွက် မတ် ၂၀ ရက်နေ့တွင် ပြည်နယ်အစိုးရအဖွဲ့ မှ ကွင်းဆင်းပေါင်းစပ်၍ ယာယီအားဖြင့် စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သို့ရာတွင် သွားလာမှု မိုပိုအဆင်ပြေစေရေးနှင့် စနစ်တကျ Fever Surveillance လုပ်နိုင်ရန်အတွက် မိုးကုတ်ဂိတ် (အစား)သရက်ပင်ဂိတ်မှ သွားလာနိုင်ရေး ညစီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး Seagull ဂိတ်၊ ဘောဂိတ်၊ သရက်ပင် ဂိတ် တို့မှတဆင့် ယာယီဖြတ်သန်းသွားလာနိုင်ရေးအတွက် ကျန်းမာရေးနှင့်အား ကစားဝန်ကြီးဌာန Rapid Response Team မှ ဆရာဝန်များ နှင့်အတူ ဌာနဆိုင်ရာ Volunteer များမှ Fever Surveillance ပြုလုပ်နိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိပြီးဖြစ်ပါကြောင်း မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာ အောင်ထံမှ သိရသည်။
မန်းသန်းရွှေမြင့်(ပြန်/ဆက်)


