မြဝတီ မေ ၁၀

 

ကရင်ပြည်နယ် မြဝတီမြို့ သန့်ရှင်းသာယာလှပရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ယနေ့နံနက် ၈ နာရီမှစတင်၍ တာဝန်ရှိသူများက မြေပြင်ကွင်းဆင်းညှိနှိုင်းဆောင်ရွက်ကြသည်။

 

ပေါင်းစပ်ညှိနှိုင်း

ထိုသို့ဆောင်ရွက်ရာ၌ ကရင်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးမင်းထွေးနှင့် တာဝန်ရှိသူများက အမှတ် (၄)ရပ်ကွက် မြေနီကုန်း ဘုရားလမ်းရှိ ရေမြောင်းများ၊ ခရိုင်မီးသတ်ဦးစီးဌာနရုံးအရှေ့ နတ်သျှင်နောင်လမ်းရှိ ရေမြောင်းများ၊ စီးတီးဟုန်းစားသောက်ဆိုင်၏ အနောက်ဘက် ပန်းခြံပတ်လမ်းရှိရေမြောင်းများ၊ ခရိုင်ပြည်သူ့ဆေးရုံ၏ အနောက်ဘက်ရှိ ရေမြောင်းများ၊ အမှတ် (၁)ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ရှေ့ရှိ ရေမြောင်းများကို ရေစီးရေလာကောင်းမွန်စေရေးနှင့် ပိတ်ဆို့မှုမရှိစေရေးအတွက် ပြန်လည်တူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆောင်းနှင်းဖြူ(ပြန်/ဆက်)