မြဝတီ ၇  အောက်တိုဘာ

 

မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်ကာကွယ်နိုင်ရန်အတွက် ရည်ရွယ်၍ ယနေ့နံနက် ၈ နာရီက မြဝတီမြို့ မြဝတီဟိုတယ်ရှေ့အနီး မီးပွိုင့်လမ်းဆုံတွင် မြဝတီခရိုင် မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဖြိုးမင်းဇော် ဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များသည် Mask Campaing ပြုလုပ်ကာ နှာခေါင်းစည်း အခုနှစ်ထောင်ကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

မြန်မာနိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသည့် ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါကို ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မြဝတီမြို့ရှိ ပြည်သူများအနေဖြင့် အပြင်ထွက်သည့်အချိန်တွင် နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်ခြင်း၊ လက်ဆေးခြင်း၊ ကျန်းမားရေးနှင့် အားကစားဝန်ကြီးဌာနက အများပြည်သူများ သိရှိလိုက်နာရန် ထုတ်ပြန့်ထားသည့် ထုတ်ပြန်ချက်များကို အမြဲမပြတ်လိုက်နာ သတိပြုရေးတို့ကိုလည်း အသိပညာပေး တိုက်တွန်းနှိုးဆော်ခဲ့ကြောင်း သိရသည်။

 

မန်းသန်းရွှေမြင့်