မြဝတီ အောက်တိုဘာ ၁၃

 

ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community centre) ခန်းမတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍   ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေး Talk Show ကို ယနေ့နံနက် (၁၀) နာရီက ပြုလုပ်သည်။

 

အဆိုပါ အသိပညာပေး Talk Show တွင် မြဝတီခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်အေးအေးသီက မိမိတို့ဌာနအနေဖြင့် ကိုဗစ်-၁၉ ကာလအတွင်း အသိပညာ ပေးလုပ်ငန်းများကို Facebook page များဖွင့်လှစ်ကာ Online မှတစ်ဆင့်အသိပညာပေးနေကြောင်းနှင့် Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

 

ထို့နောက် မြဝတီခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသီဟနိုင်က လူမှုဝန်ထမ်းဦးစီးဌာနနေဖြင့် လူမှုဝန်ထမ်းလုပ်ငန်း(၇)ရပ်ကို သတ်မှတ်ပြီး ပြည်သူများ၏ လူမှုရေးဆိုင်ရာဝန် ဆောင်မှုများကို အကောင်အထည်ဖော်ဆောင်ရွက်ရှိကြောင်း၊ သိမှတ်ဖွယ်ရာ ကလေးတို့၏ အခွင့်အရေးများ၊ ကုလသမဂ္ဂညီလာခံ သဘောတူစာချုပ် ကလေးသူငယ်အခွင့်အရေးများ အကျဉ်းချုပ်၊ ကလေးများအပေါ် မတော်မတရားပြုမှုခြင်း၊ အကြမ်းဖက်ခြင်း၊ ကလေးများအပေါ် ခေါင်းပုံဖြတ် အမြတ်ထုတ်ခြင်းနှင့့်် ကလေးသူငယ်များ ကာကွယ်စောင့်ရှောက်ရန်လိုသော ကလေးသူငယ်များအဖြစ် သတ်မှတ်သည့် အချက်(၁၆)ချက်ကိုလည်း ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။

 

မန်းသန်းရွှေမြင့်(ပြန်/ဆက်)