မြဝတီ၊ ၂၀ မေ
ကရင်ပြည်နယ် မြဝတီမြို့တွင် ခရိုင်မီးသတ်ဦးစီးဌာနမှ ပြည်သူများအနေဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်၊ မီးလောင်မှုမဖြစ်ပွားစေရန်နှင့် ပြည်သူများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များ ဆုံးရှုံးမှုမဖြစ်ပေါ်စေရန် ရည်ရွယ်၍ မေ ၁၉ ရက် ည ၈ နာရီခွဲက မြို့တွင်း၊ ရပ်ကွက်နေရာများ၌ မီးဘေးအန္တရာယ် အသိပညာပေး လိုက်လံနှိုးဆော်ခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
အဆိုပါ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လိုက်လံနှိုးဆော်ရာတွင် မြဝတီခရိုင် မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ်တစ်စီးဖြင့် မြို့အတွင်း၌ လှည့်လည်၍ ပြည်သူများ လျှပ်စစ်မီးအသုံးပြုရာတွင် စနစ်တကျအသုံးပြုရန်၊ မီးသတ်ဆေးဘူးများ၊ မီးချိတ်/ မီးကတ်များ/ ရေပုံး/ သဲပုံးများ စနစ်တကျထားရှိရန်နှင့် မီးလောင်မှု ဖြစ်ပွားနိုင်သည့် အချက်အလက်များ၊ မီးများကို အသုံးပြုရာတွင် အထူးဂရုပြုဆောင်ရွက်ရန်၊ လျှပ်စစ်မီးအသုံးပြုရာတွင် လိုက်နာဆောင်ရွက်ရမည့် အချက်များအား မြို့အတွင်း၌ အသံချဲ့စက်ဖြင့် လှည့်လည်၍ နှိုးဆော်ခဲ့ကြောင်း သိရှိရသည်။
မန်းသန်းရွှေမြင့်(ပြန်/ဆက်)


