မြဝတီ ဇူလိုင် ၂၃

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် သောင်ရင်းမြစ်ရေ တက်လျက်ရှိသည်။ ထိုသို့ သောင်းရင်းမြစ်ရေတက်မှုကြောင့် မြဝတီမြို့၊ အမှတ်(၁) ရပ်ကွက်ရှိ သဲပုံဂိတ်ဘက်ခြမ်း မြေနိမ့်ပိုင်းနေရာများတွင် ဇူလိုင် ၂၂ ရက် ည ၁၂ နာရီက စတင်ပြီး မြစ်ရေဝင်ရောက်မှုများ ရှိခဲ့သည်။

အဆိုပါ မြစ်ရေဝင်ရောက်မှုကြောင့် ရေဘေးကြုံတွေ့နေရသည့် ပြည်သူများအား မြဝတီခရိုင် မီးသတ် တပ်ဖွဲ့များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက လှေများဖြင့် ကူညီကယ်ဆယ်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)