နေပြည်တော် ၈ စက်တင်ဘာ

စက်တင်ဘာ ၇ ရက် နံနက် ၉ နာရီမှ ည ၇ နာရီခွဲအထိ မြဝတီမြို့၊ (၁)ရပ်ကွက်ရှိ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားသို့ ထိုင်းနိုင်ငံမှ လဝကအရာရှိ Mr. Somchai Wiromratama ဦးစီးအဖွဲ့နှင့်အတူ မြန်မာရွှေ့ပြောင်းအလုပ်သမား ၃၅၃ ဦး(အမျိုးသား ၂၈၀၊ အမျိုးသမီး ၇၃)တို့သည် မော်တော်ယာဉ် ၁၈ စီးဖြင့် ရောက်ရှိလာခဲ့ရာ မြဝတီခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအက်စ်လင်းရောင် ဦးစီးအဖွဲ့က ကြိုဆိုလက်ခံစိစစ်ခဲ့ပြီး မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် ၎င်းတို့၏နေရပ်အသီးသီးသို့ ပြန်လည်ထွက်ခွာသွားကြောင်း သတင်းရရှိသည်။