မြဝတီ ဇူလိုင် ၂၀
ကရင်ပြည်နယ် မြဝတီခရိုင် MSME အေဂျင်စီက ကြီးမှူးဖွင့်လှစ်သည့် MSME ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု မော်တာစက်ချုပ်သင်တန်းကို ယနေ့နံနက် ၁၀ နာရီတွင် မြဝတီမြို့ အမျိုးသမီး အိမ်တွင်းမှု သက်မွေးပညာသင်တန်းကျောင်း၌ ဖွင့်လှစ်သည်။
သင်တန်းဖွင့်ပွဲတွင် ခရိုင် MSME အေဂျင်စီဥက္ကဋ္ဌ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ရေးမှူး ဦးရဲလင်းမောင်က အမှာစကားပြောကြားပြီး ခရိုင် MSME အေဂျင်စီအတွင်းရေးမှူး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးစိုးဝင်းထွန်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် MSME လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းကို ဇူလိုင် ၂၀ ရက်မှ သြဂုတ် ၁၄ ရက်အထိ မော်တာစက် ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်စေရန် မော်တာစက်ချုပ်ရိုးအမျိုးမျိုးနှင့် ကလေး/လူကြီးအခြေခံ ဘောင်းဘီညှပ်နည်း၊ ချုပ်နည်းနှင့် အခြေခံ ဘလောက်(စ်) အင်္ကျီများ ညှပ်နည်း၊ ချုပ်နည်းများကို မြဝတီမြို့ အမျိုးသမီး အိမ်တွင်းမှုသက်မွေးပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမ သုံးဦးတို့က စာတွေ့၊ လက်တွေ့သင်ကြား ပို့ချသွားမည်ဖြစ်ပြီး သင်တန်းသူ ၂၀ က တက်ရောက်သင်ကြား လျက်ရှိကြောင်း သိရသည်။
ဆောင်းနှင်းဖြူ(ပြန်/ဆက်)


