မြဝတီ  ၁၃  နိုဝင်ဘာ

 

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့ရှိ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၏ မြေစိုက်နံရံကပ်ပြ ဘုတ်တွင် နှစ်(၁၀၀)ပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် နံရံက်စာစောင်ကို ပြသထားလျက်ရှိရာ ပြည်သူများ ကြည့်ရှုလေ့လာလျက်ရှိကြောင်း သိရသည်။

 

အဆိုပါ အသိပညာပေးနံရံကပ်စာစောင်တွင် အမျိုးသားပညာရေးနှင့်ပတ်သက်သော ပုဂ္ဂိုလ်ကြီးများ၊ အမျိုးသား ပညာရေး၏ ရည်ရွယ်ချက်၊ အမျိုးသားနေ့ အထိမ်းအမှတ် ကဗျာများ၊ ကာတွန်းများ၊ အမျိုးသားပညာရေးတိုးတက်စေရန် ပြည်သူ့စာကြည့်တိုက်၏ အကျိုးပြုပုံ နည်းလမ်း(၃)သွယ် နှင့် အမျိုးသားနေ့ အကြောင်း သိကောင်းစရာများ ထည့်သွင်း ဖော်ပြထားသည်။

 

၂၀၂ဝပြည့်နှစ်၊ ဒီဇင်ဘာလ ၉ ရက်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့တွင် အမျိုးသားအောင်ပွဲနေ့ နှစ်(၁၀၀)ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

 

ထိန်လင်းအောင်(ပြန်/ဆက်)

 

mdn