မြဝတီ မေ ၃
ကရင်ပြည်နယ် မြဝတီမြို့ အမှတ်(၄)ရပ်ကွက် ရွှေမြင်းဝန် စေတီတော်မြတ်ကြီး၏ ပုရိဝုဏ်အတွင်း၌ မေ ၅ ရက်တွင် ကျရောက်မည့် နှစ်(၈၀)ပြည့်မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များ၊ အရန် မီးသတ်တပ်ဖွဲ့ဝင်များက ယမန်နေ့တွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာ၌ ခရိုင်မီးသတ်ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးဖြိုးမင်းဇော်၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်ဇင်ဟိန်းနှင့် ခရိုင်/ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ သန္ဓေ/အရန် မီးသတ်တပ်ဖွဲ့ဝင်များစုပေါင်း၍ ရွှေမြင်းဝန်စေတီတော်မြတ်ကြီး၏ ပုရိဝုဏ်အတွင်းရှိ ဘုရားဆင်းတုတော်များကို ရေသပ္ပာယ်ခြင်း၊ ရင်ပြင်တော်ကို ဆေးကြောသန့်စင်ခြင်း၊ အမှိုက်များ လှဲကျင်းခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဆောင်းနှင်းဖြူ(ပြန်/ဆက်)


