မြဝတီ စက်တင်ဘာ ၂၃

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများက  နိုင်ငံသားစိစစ်ရေးကတ်များ နေ့ချင်းပြီးကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့တွင် နိုင်ငံသားစိစစ်ရေးကတ်ပြား ၃၈ ကတ်၊ ၂၀ ရက်နေ့တွင် ၆၆ ကတ်၊ ၂၁ ရက်နေ့တွင် ၇၈ ကတ်၊ ၂၂ ရက်နေ့တွင် ၃၈ ကတ် စုစုပေါင်း ၂၂၀ ကတ် ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ရာတွင် အိမ်ထောင်စုလူဦးရေစာရင်း မရှိသေးသည့် အိမ်ထောင်စုများအား သတ်မှတ်ချက်များနှင့်အညီ ပြုလုပ်ပေးခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်မရှိသေးသည့်  အသက် ၁၆ နှစ်နှင့် ၁၈ နှစ်အကြားရှိသူများနှင့် အသက် ၁၈ နှစ်နှင့်အထက် ရှိသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက် ရှိကြောင်းသိရသည်။

ထိန်လင်းအောင်