မြဝတီ              စက်တင်ဘာ                 ၂၇

မြန်မာ-ထိုင်း နှစ်နိုင်ငံ နယ်နိမိတ်ပိုင်းခြားထားသည့် သောင်ရင်းမြစ်သည် စက်တင်ဘာ ၂၆ ရက် ညပိုင်းက တဖြည်းဖြည်း မြစ်ရေမြင့်တက်လာပြီး မြဝတီမြို့ရှိ အနိမ့်ပိုင်းနေရာများ ရေများ ဝင်ရောက်ကာ ရေကြီးမှုများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

အဆိုပါ ရေကြီးမှုကြောင့် ယာယီရေဘေးကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားရှိပြီး  သက်ဆိုင်ရာ တာဝန်ရှိသူများ နှင့် လူမှုကူညီရေးအသင်းအဖွဲ့များ က ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


ထိန်လင်းအောင်