မြဝတီ  ၁၈  ဇွန်

 

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်အတွင်းရှိ တောင်သူများသည် မိုးအစေ့ထုတ်ပြောင်းကို စီးပွားဖြစ် အဓိက စိုက်ပျိုးလျက်ရှိပြီး ယခုနှစ်တွင် ရာသီဥတုအခြေအနေပေါ်မူတည်၍ တွက်ခြေကိုက်ပြီး ဈေးကွက်ရသော ပီလောပီနံများကို စတင် စိုက်ပျိုးလာကြပြီး ၂၇၁ ဧက အထိ စိုက်ပျိုးထားပြီး ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ပီလောပီနံပင်အား ၆ လခန့် စိုက်ပျိုးရပြီး ထွက်ရှိလာသည့် ပီလောပီနံ အစိမ်း တစ်ကီလိုလျှင် ငွေကျပ် ၁၅၀ နှုန်း၊ အခြောက် တစ်ကီလိုလျှင် ငွေကျပ် ၇၀၀ နှုန်းခန့် ရရှိလျက်ရှိသည့်အတွက် တောင်သူများ တွက်ခြေကိုက်မည့် စိုက်ပျိုးရေး လုပ်ငန်းတစ်ခုဖြစ်သည်။

 

ထိုသို့ တောင်သူများ သိပ္ပံနည်းကျစိုက်ပျိုးနည်းများဖြင့် စနစ်တကျစိုက်ပျိုးနိုင်ရေးအတွက် ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများကို အချိုးကျ အသုံးပြုတတ်စေရန်၊ စိုက်ပျိုးထားသော သီးနှံများအား ပိုးမွှားမကျရအောင် စိုက်ပျိုးရေး ကွင်းဝန်ထမ်းများမှ ကြိုတင်ကွင်းဆင်း၍ လိုအပ်သည့် နည်းပညာများ ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ထိန်လင်းအောင်

mdn