မြဝတီ ၁၃ မေ
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီက မြဝတီမြို့နယ် ဖားကလူကျေးရွာအုပ်စု၊ ကော့ကော်ကျေးရွာတွင် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြဝတီခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြဝတီခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများနှင့် ကော့ကော်ကျေးရွာမှ ကျေးလက်ကျန်းမာရေးဌာနခွဲမှ ဆရာမများက ကိုဗစ်-၁၉ မပြန့်ပွားဖို့ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ တိုင်းရင်းသား ပြည်သူများအတွက် တိုင်းရင်းသား ဘာသာစကားများဖြင့် ကျေးရွာအတွင်းလှည့်လည်၍ အသိပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
မန်းသန်းရွှေမြင့်(ပြန်/ဆက်)