မြဝတီ  ၁၃  မေ

မြဝတီမြို့တွင် ဘုန်းကြီးကျောင်းများနှင့် သီလရှင်ကျောင်းများအတွက် ဆွမ်းဆန်တော် ၁၀၅၀ အိတ် ဆက်ကပ်လှူဒါန်းခြင်းကို  ယနေ့ နံနက် ၈ နာရီက မြဝတီမြို့၊ တောင်တန်းသာသနာပြုကျောင်းတိုက်တွင် ကျင်းပခဲ့သည်။

အဆိုပါ ဆွမ်းဆန်တော်များအား မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာ့နုဂ္ဂဟအသင်း(ဗဟို)ဥက္ကဋ္ဌ ဝဏ္ဏကျော်ထင် ဒေါက်တာဦးခင်ရွှေ (ဇေကမ္ဘာမိသားစု)တို့က မတည်ပြီး ကရင်ပြည်နယ် သာသနာ့နုဂ္ဂဟအသင်းဥက္ကဋ္ဌ ဦးစောမုတ်သုန်၊ ဇနီး သီရိသုဓမ္မသိင်္ဂီ ဒေါ်နော်ဖောဖော မိသားစုနှင့် ဒေသခံပြည်သူများ၊ စေတနာရှင်များစုပေါင်း၍ လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။

ဆွမ်းဆန်တော်လှူဒါန်းပွဲသို့ နိုင်ငံတော်သံဃာ့ဝန်ဆောင်(ဝိနည်းဓိုရ်) အမှတ်(၂၇၅) မြသုခတပ်ဦးကျောင်းတိုက် ဦးစီးပဓာန နာယက မဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ အရှင်ပညာနန္ဒ ဆရာတော်နှင့် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ တောင်တန်း သာသနာပြု ကျောင်းတိုက် ဦးစီးပဓာန နာယက၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ဇောတိက ဆရာတော်အမှူးပြုသော ဆရာတော်၊ သံဃာတော်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွမ်းဆန်တော်များအား မြဝတီမြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်း ၃၄၂ ကျောင်းနှင့် သီလရှင်ကျောင်း ကျောင်းတို့အား ဆက်ကပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

ထိန်လင်းအောင်(ပြန်/ဆက်)