မြဝတီ  ၊ ၂၃   ဒီဇင်ဘာ 

 

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် စားသောက်ဆိုင်များ၊လက်ဖက်ရည်ဆိုင်များ၊ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးသတ်မှတ်ချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ကွင်းဆင်းစစ်ဆေးရာတွင် မြဝတီမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက မြဝတီမြို့တွင် ရောင်းချလျက်ရှိသော စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များ ပြန်လည်ဖွင့်လှစ်ရာတွင် ပြင်ဆင်ထားရမည့် အချက်များ၊ စားသောက်ဆိုင်ဝန်ထမ်းများနှင့် စားသုံးသူများ လိုက်နာရမည့်အချက်များကို အသိပညာပေး ပြောကြားခဲ့ပြီး ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ စည်းကမ်းချက်များနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှု တို့ ကိုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

မန်းသန်းရွှေမြင့်