မြဝတီ၊ မတ် ၃၀

 

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် တရားမဝင် တားမြစ်ဆေးဝါးများ ရောင်းချခြင်း ရှိ၊ မရှိကို မတ် ၃၀ ရက် နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များရှိ ကုန်စုံဆိုင်များနှင့် ဆေးဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့သည်။

 

ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကွဲရေးဦးစီးဌာန၊ ခရိုင်စားသုံးသူရေးရာ ဦးစီးဌာန၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးကုဌာနနှင့် ရဲတပ်ဖွဲ့တို့က စုစုပေါင်းတန်ဖိုး ငွေကျပ်  ၂၂၆၂၀၀ ရှိ ရသေ့ဆေးပုလင်း ၁၈ ပုလင်း၊ ရွှေစင်အကိုက်အခဲ ပျောက်ဆေး ၁၉ ထုပ်၊ အကြောပြေ အကိုက်အခဲပျောက်ဆေး ၂၅ ထုပ်၊ မှင်ရောဂါပျောက်ဆေး ၁၆ ထုပ်နှင့် မီးမကင်ဆေးဘူး ခြောက်ဘူးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

မန်းသန်းရွှေမြင့်(ပြန်/ဆက်)