မြဝတီမြို့ရှိ သောင်ရင်းမြစ်နှင့်မဲ့ပလဲ့ချောင်း ဆုံရာနေရာ၌ ရေကစားသူများဖြင့် အထူးစည်ကားလျက်ရှိ

မြဝတီ ၁၆  ဧပြီ

 

မြန်မာ-ထိုင်း နယ်စပ်မြို့ဖြစ်သည့် မြဝတီမြို့ ချောင်းဆုံကျေးရွာရှိ သောင်ရင်းမြစ်နှင့် မဲ့ပလဲ့ချောင်း ဆုံသည့်နေရာဖြစ်သည့် ချောင်းဆုံနေရာ၌ မြန်မာ့ရိုးရာမဟာသင်္ကြန်အကျနေ့မှ ယနေ့ သင်္ကြန်အတက်နေ့အထိ ရေကစားသူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။

 

mdn

 

အဆိုပါ ချောင်းဆုံနေရာသည် မြဝတီမြို့ပူလွဲပူကျေးရွာအုပ်စုရှိ ချောင်းဆုံကျေးရွာနှင့် အမှတ်(၅)ရပ်ကွက်၊ ရေပူကျေးရွာတို့ နယ်စပ်ဖြစ်သလို သောင်ရင်းမြစ်နှင့်မဲ့ပလဲ့ချောင်းတို့ ဆုံသည့်နေရာလည်းဖြစ်သည်။

 

မြဝတီမြို့မှ သင်္ကြန်ချစ်သူ ပြည်သူများအနေဖြင့် အဆိုပါ ချောင်းဆုံနေရာများတွင် အပန်းဖြေရေကစားကြပြီး စားသောက်ဖွယ်ရာများ အလွယ်တကူ မှာယူစားသောက်နိုင်ရေး မြစ်ကမ်းစပ်နေရာများတွင် အကင်မျိုးစုံ၊ အသုံမျိုးစုံ၊ သင်္ဘောသီးထောင်းစသည့် အစားအစားများ ရောင်းချလျက်ရှိသည့် ဆိုင်ခန်းများစွာလည်းရှိသည်။

 

mdn

 

ထို့ကြောင့် မြဝတီမြို့၌ သင်္ကြန်ကာလအတွင်း ရေကစားသူများ စည်ကားလျက်ရှိသည့် သောင်ရင်း မြစ်ကမ်းစပ် နေရာများအနက် အဆိုပါ ချောင်းဆုံနေရာသည်လည်း တစ်ခုအပါအဝင်ဖြစ်ကြောင်း မြဝတီမြို့ ရေကစားသူများထံမှ သိရသည်။

 

ထိန်လင်းအောင်(ပြန်/ဆက်)

 

mdn