မြဝတီ ၂၆ ဇွန်
ကရင်ပြည်နယ်၊မြဝတီမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ခရိုင်အမျိုးသမီးရေးရာ အဖွဲ့တို့နှင့် ပူးပေါင်း၍ ယမန်နေ့ နေ့လည် ၂ နာရီက မြဝတီခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနတွင် အောင်မဲညိုပွင့်နှင့် ကျောက်ကျောပြုလုပ်သည့်နည်းအား Online စနစ်ဖြင့် သင်ကြားပြသပေးခဲ့ကြောင်း သိရသည်။
အောင်မဲညိုပွင့်နှင့် ကျောက်ကျောပြုလုပ်ခြင်းကို မြဝတီခရိုင်အမျိုးသမီးရေးရာအဖွဲ့ဝင်၊ Women Club ဉက္ကဌ ဒေါ်ကေခိုင်က “ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားချိန်တွင် အိမ်မှာနေနေကြသည့်အမျိုးသမီးများ အတွက် နေ မှာနေရင်း ကျောက်ကျောမုန့်တွေ လုပ်စားလို့ရအောင်၊ အခါကြီးရက်ကြီးများတွင် ကျောက်ကျောများ ပြုလုပ်ပြီး ဘုန်းကြီးကျောင်းတွေကို ဆွမ်းပို့လို့ရအောင်၊ ကျောက်ကျော ပြုလုပ်တဲ့နေရာမှာ အမျိုးမျိုးရှိပါ တယ်၊ ဒီနေ့တော့ အောင်မဲညိုပွင့်နှင့် ကျောက်ကျောပြုလုပ်နည်းကို Online စနစ်ဖြင့် သင်ပြပေးသွားမှာပဲ ဖြစ်ပါ တယ်လို့”ပြောကြားခဲ့သည်။
အဆိုပါ အောင်မဲညိုပွင့်နှင့်ကျောက်ကျောပြုလုပ်နည်းကို စိတ်ဝင်စားပါက IPRD Myawady Page တွင် ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ကြောင်း သိရသည်။
မန်းသန်းရွှေမြင့်(ပြန်/ဆက်)


