မြဝတီနှင့် ဘုတ်ပြင်းမြို့တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော်၊ ဇွန် ၂၈

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၂၇ ရက် မွန်းလွဲ ၃ နာရီတွင် မြဝတီမြို့၊ အမှတ် (၄) ရပ်ကွက်နေ သန်းဝင်း (ခ) မျက်မှန်၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၆,၇၄၀ သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးပေါ် ပေါက်ချက်အရ ညနေ ၄ နာရီတွင် မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ နန္ဒသူရိယ လမ်းအနီးတွင် စိုင်းအောင်ဆာ ကို ဆိုင်ကယ်တစ်စီး၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၇,၅၅၀ နှင့်အတူ ဖမ်းဆီး ရမိခဲ့ကြောင်း၊ ဆက်လက်၍ ညနေ ၅ နာရီတွင် ၎င်းနေထိုင်သည့် မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ  စိတ်ကြွရူးသွပ်ဆေးပြား ၂၈၂,၇၅၀ ကိုလည်းကောင်း။

                 

အလားတူ ယင်းနေ့ နံနက်  ၁၀ နာရီ မိနစ်၂၀ တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဘုတ်ပြင်းမြို့နယ်၊ ချောင်းကဖက် ကျေးရွာအုပ်စု၊ ထင်းမယ်ကျေးရွာအနီးတွင် အောင်ငယ်ကြီး (ခ) အောင်ငယ် မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ အိုက်စ် ၁ ကီလိုကိုလည်းကောင်း သိမ်းဆည်းရမိသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဉပဒေအရ အရေးယူထားကြောင်း သိရသည်။

 

ရဲပြန်ကြား