၁၇ သြဂုတ်
ပရိသတ်စိတ်ဝင်စားမှု မြင့်တက်ခဲ့သော Myanmar Idol Season 3 Grand Final ပြိုင်ပွဲတွင် ချမ်းမြေ့မောင်ချို လာရောက်ယှဉ်ပြိုင်ခြင်း မရှိသည့်နှင့် ဖြိုးမြတ်အောင် Winner ဆုရှင်ဖြစ်ရသည့်အပေါ် ပါဝင်အကဲဖြတ် ပေးခဲ့ကြသည့် ဒိုင်များ၏ အမြင်နှင့် သုံးသပ်ချက်များကို ယခုလိုဖော်ပြလိုက်သည်။
တင်ဇာမော်
"ညီမလေး ချမ်းမြေ့မောင်ချို စိတ်မကောင်းလည်း တော်တော်လေးကို ဖြစ်ရပါတယ်။ အသံပိုင်းမှာလည်း အလွန်ကောင်းပါတယ်။ သူတို့အားလုံးက ကိုယ်စီ အရည်အချင်းတွေလည်း ရှိကြပါတယ်။ final ဆိုတာ အားလုံးက တော်တော်လေး မျှော်လင့်ထားကြတဲ့အပေါ် ဒီလိုဖြစ်သွားတဲ့အတွက် စိတ်မကောင်းပါဘူး။ ဖြိုးမြတ်အောင်လည်း သူ့ရဲ့ပရိသတ်တွေ အားရအောင် အမြဲဖျော်ဖြေပါတယ်။ ယှဉ်ပြိုင်ရမယ့် ပြိုင်ဘက်ကောင်း မရှိပေမယ့် အကောင်းဆုံးဖျော်ဖြေမယ်လို့ ယုံကြည်ပါတယ်။ ဖြိုးမြတ်အောင်လည်း သီချင်းသီဆိုမှု ကောင်းတဲ့သူ တစ်ယောက်လည်းဖြစ်တယ် Winner ဖြစ်သွားအများကြီး ဂုဏ်ယူပါတယ်" ဟု ပြောသည်။
၎င်းပြိုင်ပွဲသည် Voting ပတ်သက်ပြီး မည်သူကိုမှ ဘယ်သူမှမနစ်နာစေရန်အတွက် Voting စနစ်အား ပိတ်သိမ်းလိုက်ပြီး International Idol Format ၏ စည်းမျဉ်းစည်းကမ်းအတိုင်း ဆောင်ရွက်သွားခဲ့ကြသည်။ ယင်းပြိုင်ပွဲကြီးတွင် Top Finalist ပြိုင်ပွဲဝင်များ၊ ဒိုင်များ ၊ Season 1 နှင့် 2 Winner များမှ ၎င်းကြိုက်နှစ်သက်ဆုံး တေးသီချင်းများဖြင့် အကောင်းဆုံး သီဆိုဖျော်ဖြေခဲ့သည်။ နောက်ဆုံး Winner ဆုရှင် ဖြိုးမြတ်အောင်ကို ဆုကြေးငွေကျပ် သိန်း ၅၀၀ နှင့် Audio တစ်ခွေ ထုတ်ပေးသွားမည်ဖြစ်သည်။
ရန်အောင်
"ကျွန်တော် ဂုဏ်ယူချင်တဲ့ညီလေး ဖြိုးမြတ်အောင် ဖြစ်လာပြီ။ အကုန်လုံးက ချစ်ချစ်ခင်ခင်နဲ့ကူညီဖေးမတယ်။ တစ်ယောက်ယောက် အိမ်ပြန်ရရင်ပြန်ရတဲ့သူ မငိုပဲ ကျန်တဲ့သူငိုကြတယ်။ ဒီပွဲပြီးရင် အကုန်လုံးကို အားပေးတာ တစ်သားတည်း ဖြစ်သွားမယ်ထင်ပါတယ်။ ညီလေးဖြိုးမြတ်အောင်အတွက် ဂုဏ်ယူပါတယ်။ ညီမလေး ချမ်းမြေ့မောင်ချိုလည်း အမြန်ဆုံးပြန်လည်ကျန်းမာပြီး မိမွေးတိုင်းဖမွေးတိုင်း ပြန်လည်ကျန်းမာပါစေ" ဟု အဆိုတော် ရန်အောင်က ပြောသည်။
မျိူးကျော်မြိုင်
"အနုပညာ တကယ်လုပ်တယ်ဆိုတာ တစ်ဖက်နဲ့တစ်ဖက် divide ဖြစ်ဖို့မဟုတ်ပါဘူး။ entertainment သဘောမျိုးလုပ်တဲ့အတွက် သူ့ပရိသတ် ကိုယ့်ပရိသတ်ရှိတာထက် ပေါင်းစည်းလို့မရဘဲ ခွဲထွက်စေချင်တယ်" ဟု ပြောသည်။
မြန်မာပြည်သိန်းတန်
မြန်မာပြည်သိန်းတန်က "မြန်မာအိုင်ဒေါကနေ မွေးထုတ်ပေးလိုက်တဲ့ ကလေးတွေကို တစ်သွေးတည်း တစ်သားတည်း စောင့်ရှောက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဂီတလူရည်ချွန်လေး တစ်ယောက်ကို ရွေးချယ်တဲ့ ပွဲဖြစ်ပါတယ်။ နံပါတ် ၇ က ထိပ်ကိုရောက်ရင် ရောက်မယ်။ နံပါတ် ၁၁ က ထိပ်ကိုရောက်ရင် ရောက်မယ်။ အခုဆိုရင် မြန်မာပြည်တစ်ခုလုံး စိတ်ဝင်စားနေတဲ့ Myanmar Idol season 3 Grand Final ရဲ့ Winner ဆုရှင်က ဖြိုးမြတ်အောင် ဖြစ်သွားပြီဖြစ်ပါတယ် " ဟု ပြောဆိုသည်။
အဆိုပါပြိုင်ပွဲတွင် Winner ဆုရှင် ဖြိုးမြတ်အောင်အား Pantene မှ ကျပ်သိန်း ၁၀၀ ၊ 2nd Runner Up ဆုရှင် ချမ်းမြေ့မောင်ချိုအား Pantene မှ ကျပ် ၇၅ သိန်း ၊ Pantene Wild card ရောက်ရှိခဲ့သော 2nd Runner UP ဆုရှင် ဇော်ကြီးအား ကျပ်သိန်း ၅၀ ၊ Planinan White Card 1 Year Data Plant စသည့် ဆုများအသီးသီး ပေးအပ်ခဲ့ကြသည်။
ကိုလင်း