မယ်စဲ့ ၂၇ ဒီဇင်ဘာ
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့၌ မြို့အင်္ဂါရပ်နှင့်အညီ သာယာလှပစေရေးနှင့် စိမ်းလန်းစိုပြည်စေရေးအတွက် ပြည်နယ်အစိုးရအဖွဲ့ ထောက်ပံ့ကြီးကြပ်မှုဖြင့် မြို့တွင်းလမ်းဘေး ဝဲ/ယာ တစ်လျှောက်တွင် မြေယာရှုခင်းပြုပြင်ခြင်းနှင့် ပန်းအလှပင်များ စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ပြည်နယ်အစိုးရအဖွဲ့ ထောက်ပံ့ကြီးကြပ်မှုဖြင့် ငုရွှေဝါကုမ္ပဏီက မယ်စဲ့မြို့တွင်း လမ်းဘေး ဝဲ/ယာတစ်လျှောက်တွင် မြေဖြန့်ခြင်း၊ မြေညှိခြင်းများ ဆောင်ရွက်ခြင်း၊ ပန်းအလှပင်များဖြစ်သည့် ရွှေသပြေ၊ ကြံ့စာ၊ တပေ့ပူတ၊ ဇလပ်ပု၊ ပုန်နားရိတ်ပု၊ ဆိုက်ပလပ်၊ လွင်ပြာစန်း၊ ဂျပန်မြက် အစရှိသည့်အပင်များကို စိုက်ပျိုးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက မြို့နယ်သန့်ရှင်း သာယာလှပရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းနှင့် ကော်မတီ ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးစိုင်းပွန်းတို့က လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)