မယ်စဲ့ ၅ ဧပြီ
မြန်မာနိုင်ငံတွင် ကူးစက်ပျံ့နှံ့လျက်ရှိသော ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ မြို့နယ်အတွင်း ကူးစက်မှု မဖြစ်ပွားစေရေးအတွက် ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် ဌာနဆိုင်ရာများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ နမ့်မန်းစစ်ဆေးရေးဂိတ်နှင့် မယ်ဆည်နမ်စစ်ဆေးရေးဂိတ် နှစ်ဂိတ်တို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို နေ့စဉ် အရှိန်အဟုန်မြှင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ဂိတ်နှစ်ဂိတ်တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ၊ ရပ်/ကျေးအုပ်ချုပ်ရေး မှူးများအတွက် ပြည်နယ်အစိုးရအဖွဲ့မှ ဒုတိယအကြိမ် ထောက်ပံ့သည့် ရေသန့်ဘူး၊ အစား အသောက်နှင့် ထောက်ပံ့ငွေများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ကော်မတီဝင်များက ယနေ့နံနက်က သွားရောက်ထောက်ပံ့ခဲ့သည်။
ထို့ပြင် မယ်စဲ့မြို့မကျောင်းဆရာတော် ဦးဩဇေယျမှလည်း စစ်ဆေးရေးဂိတ်နှစ်ဂိတ်တွင် တာဝန်ကျ နေသော ပူးပေါင်းအဖွဲ့အတွက် ရေသန့်ဘူး၊ ကြက်သွန်နီ ၁၀ ပိဿာ၊ အာလူး ၁၀ ပိဿာစီ တို့ကို သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)


