မယ်စဲ့ ဧပြီ ၂၆

 

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန    လူထုအခြေပြုဗဟိုဌာန (Community Centre) ရှိ ကလေးစာဖတ်ခန်း၌ အခြေခံပန်းချီရေးဆွဲနည်း သင်တန်းကို ယနေ့နံနက် ၁၀ နာရီက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

 

ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်၊ ဉာဏ်သွေး ဖွံ့ဖြိုးတိုးတက်စေရန်နှင့် နွေရာသီအားလပ်ရက်ကို အကျိုးရှိစွာ အသုံးချနိုင်စေရန် ရည်ရွယ်၍ အခြေခံပန်းချီရေးဆွဲနည်း သင်တန်းကို ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စောဝတ်ရည်က ပြောသည်။

 

နွေရာသီ အခြေခံပန်းချီရေးဆွဲနည်း သင်တန်းတွင် သင်တန်းနည်းပြအဖြစ် အ.ထ.က(မယ်စဲ့)မှ ဒသမတန်းကျောင်းသား မောင်မျိုးမြင့်ဇော်က သင်ကြားပေးပြီး မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၁၂ ဦး တက်ရောက်ကာ သင်တန်းကို ၃ ရက်တာ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

မယ်စဲ့(မြို့နယ် ပြန်/ဆက်)