မယ်စဲ့ ၂၀    ဖေဖော်ဝါရီ

 

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ်ရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့စာကြည့်တိုက်အတွက် ရှမ်းတိုင်းရင်းသား ပုံပြင်စာအုပ်များ ပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီက ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။

 

စာအုပ်လှူဒါန်းပွဲတွင် မယ်စဲ့မြို့နယ်ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ အရှင်ဦးသုဇာတက မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် ကျောင်းသား၊ ကျောင်းသူများ ငှာရမ်းဖတ်ရှုနိုင်စေရန်အတွက် ရှမ်းတိုင်းရင်းသားပုံပြင်စာအုပ် (၃၀)ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်စောဝတ်ရည်ထံ ပေးအပ်လှူဒါန်းခဲ့သည်။

 

မယ်စဲ့မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ရှိ ကလေးစာဖတ်ခန်းတွင် ကလေးငယ်များ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရန်နှင့် စာဖတ်သည့်အလေ့အထရရှိစေရန် ရည်ရွယ်၍ ရုပ်ပြပုံပြင်ပြောခြင်းနှင့် ပုံပြောပြိုင်ပွဲများကို စဉ်ဆက်မပျက် ပြုလုပ်ပေးလျက်ရှိရာ ယခုလာရောက် လှူဒါန်းသည့် ရှမ်းတိုင်းရင်းသားပုံပြင်စာအုပ်များကို မူလတန်းအဆင့်ကလေးငယ်များက အထူးကြိုက်နှစ်သက်ကြောင်း သိရသည်။

 

ဝတ်ရည်(ပြန်/ဆက်)