မယ်စဲ့   ၂၉  ဧပြီ           

 

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ် ရေးနှင့် ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် မြို့နယ်ပြည်သူ့ဆေးရုံမှ ကျန်းမာရေး ဝန်ထမ်းများအား ကယားပြည်နယ် အစိုးရအဖွဲ့မှ ထောက်ပံ့သည့် စားသောက်ကုန်များ ပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့ဆေးရုံတိုးချဲ့လူနာ နှစ်ထပ်ဆောင်၌ ကျင်းပသည်။

 

369

 

လှူဒါန်းရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းလင်းလင်း၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းပန်ဖ၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ တွဲဖက်အတွင်းရေးမှူး မြို့နယ်ဒုတိယ အုပ်ချုပ်ရေးမှူး ဦးအောင်အေးခန့်နှင့် ကော်မတီဝင်များက ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းများကို ရှေ့တန်းမှဆောင်ရွက်နေသည့် မြို့နယ်ပြည်သူ့ဆေးရုံရှိ ကျန်းမာရေး ဝန်ထမ်း (၉၆)ဦးအတွက် တစ်ဦးလျှင် ဆန် ၅ ပြည်၊ ဆီ ၉၀ ကျပ်သား(တစ်ဗူး)၊ ကြက်ဉ ၁၀ လုံးစီဖြင့် စုစုပေါင်း ဆန်အိတ် ၂၀၊ ဆီ ၉၆ ဘူး၊ ကြက်ဉအလုံး ၉၆၀ တို့ကို ပေးအပ် လှူဒါန်းခြင်း နှင့် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းပန်ဖက မြို့နယ်ပြည်သူ့ဆေးရုံတွင် အသုံးပြုရန် အတွက် ချွဲစုပ်စက် ၁လုံး ပေးအပ် လှူဒါန်းရာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်ဇော်ထွန်းနှင့် ကျန်းမာရေး ဝန်ထမ်းများက လက်ခံရယူခဲ့သည်။

 

စိုင်းလျှမ်း(ပြန်/ဆက်)