မယ်စဲ့မြို့နယ် ပြည်သူ့ဆေးရုံသို့ COVID-19 ကြိုတင်ကာကွယ်မှုများ ဆောင်ရွက်နိုင်ရန် PPE ဝတ်စုံ(၄၃)စုံနှင့် ပိုးသတ်ဆေးရည်များ လာရောက်လှူဒါန်း

မယ်စဲ့  ၃၁  မတ် 

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ငွေတောင်ကြားမိသားစုမှ ရောဂါကာကွယ်ရေး ဝတ်စုံ PPE (၄၃)စုံနှင့် ပိုးသတ်ဆေးရည်(၅)ဗူး စသည့်ကျန်းမာရေးသုံးပစ္စည်းများကို မတ် ၃၀ ရက်က မယ်စဲ့မြို့နယ် ပြည်သူ့ဆေးရုံသို့ လာရောက်လှူဒါန်းခဲ့ကြာင်း သိရသည်။

မယ်စဲ့မြို့နယ်တွင် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် လွိုင်ကော်မြို့ ငွေတောင်ကြားမိသားစုမှ လှူဒါန်းသည့် PPE ဝတ်စုံ (၄၃)စုံနှင့် ပိုးသတ်ဆေးရည် (၅)ဗူး အစရှိသည့် ဆေးရုံသုံးပစ္စည်းများကို မယ်စဲ့မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦးနှင့် တာဝန်ရှိသူများက ပေးအပ်လှူဒါန်းရာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်ဇော်ထွန်းက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)