မယ်စဲ့ ၃၀ မတ်
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ငွေတောင်ကြားမိသားစုမှ လှူဒါန်းသည့် ရောဂါကာကွယ်ရေး ဝတ်စုံ PPE ၄၃ စုံနှင့် ပိုးသတ်ဆေးရည် ၅ ဘူး စသည့်ကျန်းမာရေးသုံးပစ္စည်းများကို ယနေ့ နံနက် ၁၁ နာရီက မယ်စဲ့မြို့နယ် ပြည်သူ့ဆေးရုံသို့ လာရောက်လှူဒါန်းခဲ့ကြာင်း သိရသည်။
ငွေတောင်ကြားမိသားစုမှ လှူဒါန်းသည့် အဆိုပါ ဆေးရုံသုံးပစ္စည်းများကို မယ်စဲ့မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်နိုင်ဦးနှင့် တာဝန်ရှိသူများက ပေးအပ်လှူဒါန်းရာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်ဇော်ထွန်းက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)


