မယ်စဲ့ ၁၄ ဧပြီ

 

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် နိုင်ငံတော်မှ ကိုဗစ်-၁၉ ရောဂါကြောင့် မဟာသင်္ကြန် ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအတွက် အခြေခံစားသောက်ကုန် ငါးမျိုး ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်က ဟိုစဲ့ကျေးရွာ ပြည်သူများ လက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။

 

ယင်းသို့ သွားရောက်ထောက်ပံ့ရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းလင်းလင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းပန်ဖ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းတို့က ဟိုစဲ့ကျေးရွာ အိမ်ထောင်စု ၂၄၃ စု အတွက် ဆန်ရှစ်ပြည်၊ ဆီ ၅၀ကျပ်သား၊ ဆား ၅၀ကျပ်သား၊ ပဲတစ်ပိဿာ၊ ကြက်သွန်နီတစ်ပိဿာ အစရှိသည့် အခြေခံ စားသောက်ကုန်ငါးမျိုးကို အိမ်ထောင်စုဝင်များ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။

 

နိုင်ငံတော်အစိုးရမှ မဟာသင်္ကြန်ရုံးပိတ်ရက်ရှည် ကာလအတွင်း ထောက်ပံ့ဖြန့်ဖြူးပေးသည့် စားသောက်ကုန်များကို မယ်စဲ့မြို့နယ်အတွင်းရှိ အိမ်ထောင်စုပေါင်း ၅၇၄ စု ထံသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကျေး အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများက အိမ်တိုင်ရာရောက် ဖြန့်ဝေပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 

ဝတ်ရည်(ပြန်/ဆက်)

 

mdn