မယ်စဲ့     ၂၄   ဧပြီ

ကယားပြည်နယ် ဘောလခဲခရိုင် မယ်စဲ့မြို့နယ်တွင် အစိုးရမှပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စုများအား အခြေခံစားသောက်ကုန် ၅ မျိုး ထောက်ပံ့ပေးခဲ့ရာ မြို့နယ်အတွင်း ထောက်ပံ့မှုမရရှိသည့် အိမ်ထောင်စုများအတွက် စားသောက်ကုန်များ လှူဒါန်းခြင်းကို ဧပြီ ၂၃ ရက် ညနေ ၅ နာရီတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦးက လာရောက်လှူဒါန်း ခဲ့ကြောင်း သိရသည်။

 

မယ်စဲ့မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦးက မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု ၆၈ စုအတွက် အိမ်ထောင်စုတစ်စုလျှင် ဆန် ၈ ပြည်၊ ဆီ ၅၀ ကျပ်သား၊ ဆား တစ်ပိဿာ၊ ကြက်သွန်နီ တစ်ပိဿာ အစရှိသည့် အခြေခံစားသောက်ကုန် ၄ မျိုးကို ထောက်ပံ့လှူဒါန်းခဲ့ပြီး ဝမ်ကန်ကျေးရွာ၊ နမ့်မန်းကျေးရွာနှင့် ဟိုစဲ့ကျေးရွာ ခန့်မဆောင်များတွင် အသုံးပြုရန်အတွက် ပလပ်စတစ်ထိုင်ခုံ အလုံး ၅၀ စီ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)