မယ်စဲ့ ၁၈ မေ

 

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် အိမ်အပြင်ထွက်ပါက နှာခေါင်းစည်းတပ်ဆင်ရေး လှုပ်ရှားမှုကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈ နာရီက မြို့နယ် COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းနှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ အဖွဲ့နှစ်ဖွဲ့ခွဲက မြောက်ပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့ လမ်းဆုံနှင့် မြို့မဘုန်းတော်ကြီးကျောင်းရှေ့ လမ်းဆုံတို့တွင် လမ်းသွားလမ်းလာများအား နှာခေါင်းစည်း တပ်ဆင်မှု ရှိ/မရှိ စစ်ဆေးရာ လိုက်နာမှုမရှိသူ ၆ ဦးအား Mask (၂)ခုကို ငွေကျပ် ၁၀ဝ၀ ဖြင့် ဝယ်ယူ၍ ချက်ချင်း တပ်ဆင်စေခဲ့ကြောင်း သိရသည်။

 

စိုင်းလျှမ်း(ပြန်/ဆက်)