မယ်စဲ့ မေ ၂၄
ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီ အသင်းခွဲတို့ ပူးပေါင်း၍ အခြေခံ ရှေးဦးသူနာပြုစုနည်းသင်တန်းကို ယနေ့ နံနက် ၁၀ နာရီက လူထုအခြေပြု၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်သန်းက ကြက်ခြေနီဝတ်စုံဝတ်ကာ အများအကျိုး သယ်ပိုးဆောင်ရွက်သူများ၊ ဖြူစင်စိတ်နှလုံးရှိသူများကို မြင်ရသူတိုင်းက လေးစား ချစ်ခင်ကြကြောင်း၊ လူသားထုကောင်းကျိုးအတွက် ဆောင်ရွက်နေသည့် စေတနာ့ဝန်ထမ်းများအဖြစ် ဘက်ပေါင်းစုံမှ ဖေးမကူညီ ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စောဝတ်ရည်က သင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
အဆိုပါ သင်တန်းသို့ သင်တန်းသား သင်တန်းသူ ၁၅ ဦး တက်ရောက်ပြီး ကြက်ခြေနီအသင်းခွဲမှ နည်းပြ ဦးလှအောင်ဖြိုးက စာတွေ့လက်တွေ့ဖြင့် ၃ ရက်ကြာ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)