မယ်စဲ့    ဇူလိုင်    ၁၀

 

ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ဘောလခဲခရိုင် တည်ဆောက်ရေးနှင့် အရည်အသွေးစစ်ဆေးရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်စိုးနှင့် ကော်မတီဝင်များ၊ မြို့နယ်တည်ဆောက်ရေးနှင့် အရည်အသွေးစစ်ဆေးရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်သန်းနှင့် ကော်မတီဝင်များက ဇူလိုင် ၉ ရက်က ကွင်းဆင်းစစ်ဆေးခဲ့သည်။

 

ထိုသို့စစ်ဆေးရာတွင် ဗိုလ်ချုပ်လမ်း ကျောက်စီရေမြောင်းပလက်ဖောင်း တည်ဆောက်ခြင်းလုပ်ငန်း၊ မြို့နယ် ပညာရေးမှူးရုံး သိုလှောင်ရုံ (၆၀x၃၀)ပေ RC တစ်ထပ် တည်ဆောက်ခြင်းလုပ်ငန်း၊ အမှိုက်ကျင်းလမ်း ကတ္တရာခင်းခြင်းလုပ်ငန်း၊ မြို့နယ်ခန်းမအတွင်း ကြွေပြားခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် မြို့နယ်စည်ပင်သာယာဈေးနေရာနှင့် မြို့နယ်ခန်းမ အခမဲ့မြေလွှဲလျေှာက်ထားမှုတို့ကို ကွင်းဆင်းစစ်ဆေး ခဲ့သည်။

 

ထို့နောက် စစ်ဆေးရေးအဖွဲ့သည် ပန်တိန်းကျေးရွာ ၃၃ ကေဗွီ ဓာတ်အားလိုင်း အရှည် ၉၀၀ ပေ တိုးချဲ့ တည်ဆောက်ခြင်းနှင့် ၃၃/၄ ကေဗွီ ၂၀၀ ကေဗွီအေ ထရန်စဖော်မာတစ်လုံး တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်း၊ မယ်ဆည်နမ်ကျေးရွာ တိုးချဲ့အိမ်ရာများအတွက် ၄၀၀ ဗို့ ဓာတ်အားလိုင်း အရှည် ၂၅၀၀ ပေ တည်ဆောက်ခြင်း လုပ်ငန်း၊ မယ်ဆည်နမ်ကျေးရွာနှင့် နမ့်ပိန်းလင်ကျေးရွာ ရေရရှိရေးအတွက် လက်တူးတွင်းတူးဖော်ခြင်း လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များကို မှာကြားခဲ့ကြောင်း သိရသည်။

 

စိုင်းလျှမ်း(ပြန်/ဆက်)