မယ်စဲ့  ၁  ဒီဇင်ဘာ 

 

ကောင်းမွန်သော သဘာဝပတ်ဝန်းကျင်ဖြစ်စေရေး ကျေးရွာလူထုအခြေပြု စုပေါင်းအမှိုက်ကောက်ခြင်းကို ယနေ့ နံနက်ပိုင်းက ကယားပြည်နယ် မယ်စဲ့မြို့နယ် ပန်တိန်းကျေးရွာ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ခြင်းကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးဆောင်၍ ကျေးရွာပြည်သူများ ပူးပေါင်းပါဝင်ကာ ကျေးရွာအတွင်း စုပေါင်းအမှိုက်ကောက်ယူခဲ့ကြသည်။

 

ကျေးလက်နေပြည်သူများ ကျန်းမာသန့်ရှင်းရေးအတွက် အညစ်အကြေးနဲ့ အမှိုက်များကို စနစ်တကျ စွန့်ပစ်တတ်စေဖို့၊ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ရပ်ရွာသန့်ရှင်းသာယာပြီး ကျေးလက်နေပြည်သူတွေရဲ့ လူနေမှု အဆင့်အတန်း မြင့်မားလာစေဖို့နဲ့ ကိုယ့်အားကိုယ်ကိုးစနစ်များ ပိုမိုအားကောင်းလာစေဖို့ ရည်ရွယ်ပြီး ဆောင်ရွက်ခြင်း ဖြစ်တယ်ဟု ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမိုးအောင်က ပြောသည်။

 

အဆိုပါ စုပေါင်းအမှိုက်ကောက်ခြင်းကို မြို့နယ်ဦးစီးမှူး ဦးမိုးအောင်နှင့် ဝန်ထမ်းများ၊ ပန်တိန်းကျေးရွာပြည်သူများ ပါဝင်ဆောင်ရွက်ခဲ့ကြသည်။

 

ဝတ်ရည်(ပြန်/ဆက်)