မယ်စဲ့ ၂၁ အောက်တိုဘာ
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာ များပူးပေါင်း၍ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို အောက်တိုဘာ ၂၀ ရက် မွန်းလွဲပိုင်းက နမ့်ပိန်းလင်ကျေးရွာနှင့် နမ့်ဟူးကျေးရွာတို့၌ ကျင်းပခဲ့သည်။
တွေ့ဆုံပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသန်းလင်းလင်းက ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရာ၌ အားသာချက်၊ အားနည်းချက်များရှိသော်လည်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ လျာထားရာ၌ အမှန်တစ်ကယ်လိုအပ်သော လုပ်ငန်းများကို ဦးစားပေးအလိုက် တင်ပြစေလိုကြောင်းနှင့် လွှတ်တော်အတွေ့အကြုံများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်မည့် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ရှင်းလင်းဆွေးနွေးကြသည်။
တက်ရောက်လာသော ဒေသခံပြည်သူများက မိမိတို့ကျေးရွာများတွင် ဆောင်ရွက်လိုသည့် ကျေးရွာ ကုန်ထုတ်လမ်းဖောက်လုပ်ရေး၊ သောက်သုံးရေဖူလုံစွာရရှိရေးနှင့် ဓာတ်အားသုံးစွဲသူများ သိရှိလိုသော လျှပ်စစ်ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ သိလိုသည်များကို မေးမြန်းရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)


