မယ်စဲ့  ၃၀  ဒီဇင်ဘာ

ပြောင်းလဲလာသည့် ရာသီဥတုနှင့်အညီ လိုက်လျောညီထွေသည့်သီးနှံများ စိုက်ပျိုးနိုင်ရေးနှင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တောင်သူနည်းပညာပေး သင်တန်းများဖွင့်လှစ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ကယားပြည်နယ်၊ မယ်စဲ့မြို့နယ် ဟိုစဲ့ကျေးရွာ၌ ပြုလုပ်သည်။

အခမ်းအနားတွင် ဘောလခဲခရိုင် စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးမျိုးမြင့်က တောင်သူများ စိုက်ပျိုးရေး လုပ်ငန်းများကို မိရိုးဖလာစိုက်ပျိုးခြင်းထက် ဖွံ့ဖြိုးတိုးတက်လာသည့် နည်းပညာများနှင့်အညီ အသိပညာ၊ အတတ်ပညာများ ရရှိနိုင်စေရေးအတွက် သင်တန်းများ စဉ်ဆက်မပြတ် ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။ 

 

‌ေ

 

ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးဇော်မင်း က သင်တန်းဖွင့်လှစ်ခြင်းဖြင့် ဒေသခံတောင်သူ များအတွက် ရရှိနိုင်မည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားပြီး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးနေမျိုးကျော်က စိုက်ပျိုးရေးကဏ္ဍနှင့် ပတ်သက်၍ လိုအပ်ချက်များရှိပါက သက်ဆိုင်ရာဌာနနှင့် ချိတ်ဆက် ဆောင်ရွက်သွားကြရန် ဆွေးနွေးပြောကြားသည်။

အဆိုပါ တောင်သူနည်းပညာပေး သင်တန်းကို မယ်စဲ့ကျေးရွာအုပ်စုမှ သင်တန်းသား ၃၀ ဦး တက်ရောက်ပြီး (၃)ရက်ကြာ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဝတ်ရည်(ပြန်ဆက်)