မယ်စဲ့ ၊   ၂   ဖေဖော်ဝါရီ           

 

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေး အဖွဲ့ သိကောင်းစရာများ ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၂ ရက်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ၌ ကျင်းပသည်။

 

ဆွေးနွေးပွဲတွင် မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစောလင်းထွန်းက ဥပဒေဆိုင်ရာ အထောက်အကူပေးသော နည်းလမ်းများ၊ အထောက်အကူတောင်းခံပုံ၊ ဥပဒေဆိုင်ရာ အထောက်အကူ တောင်းခံခွင့်ရှိသူများ ဖြစ်သည့်  ပြစ်မှုတစ်ခုခုဖြင့် စွပ်စွဲခြင်း၊ ထိန်းသိမ်းခြင်း၊ ဖမ်းဆီးခြင်း၊ တရားစွဲဆိုခြင်း၊ ပြစ်ဒဏ်ချမှတ်ခြင်း၊ အကျဉ်းကျခံရသည့် ဆင်းရဲနွမ်းပါးသူများအား ပြစ်မှုဆိုင်ရာမှုခင်းကိစ္စများတွင် ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် ရှေ့နေငှားရမ်းရန် ငွေကြေးမပြည့်စုံကြောင်း ဥပဒေအရ သတ်မှတ်ခံရသူများအတွက် မြို့နယ်ဥပဒေဆိုင်ရာ အထောက် အကူပေးရေးအဖွဲ့က လိုက်ပါဆောင်ရွက်မှု အကြောင်းအရာတို့ကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိရေး အွန်လိုင်းမှတစ်ဆင့် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

ဝတ်ရည်(ပြန်/ဆက်)