မယ်စဲ့   ၂  မတ်

ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက မတ်၁ရက်က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထိုသို့စစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် အမက(နမ့်ဟူး) ကျောင်းအဝင်လမ်း အရှည်ပေ(၁၀၀) ကွန်ကရစ်ခင်းခြင်းနှင့် ပေ ၃၀ ပတ်လည် တန်းစီကွင်း တည်ဆောက်ခြင်းလုပ်ငန်း၊ ဟိုဂျစ်-တောင်လှ မြေသား လမ်းပေါ်ရှိ ၁၀ ပေ ကွန်ကရစ်တံတားတစ်စင်းနှင့် ပေ ၅၀ ကွန်ကရစ် တံတားတစ်စင်း တည်ဆောက်ခြင်း၊ ဟိုဂျစ်-တောင်လှ အရှည် (၁၀/)မိုင်အနက် ဖောက်လုပ်ရန်ကျန်ရှိသည့် အရှည် (/)မိုင် မြေသားလမ်းဖောက်လုပ်ခြင်း(မူလွန်)ဟိုဂျစ် ကျောင်းအဝင် လမ်းအရှည် ပေ ၁၅၀ ကွန်ကရစ်ခင်းခြင်းလုပ်ငန်း၊ ပေ ၃၀ ပတ်လည် တန်းစီကွင်း ကွန်ကရစ်ခင်းခြင်းနှင့် Pipe Culvert တစ်စင်း တည်ဆောက်ခြင်းလုပ်ငန်း၊ အခြေခံပညာဦးစီးဌာန ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စု ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် မူလွန်(ဟိုဂျစ်) (၉၀x၃၀)ပေ RC တစ်ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်ခြင်းလုပ်ငန်း၊ ဟိုဂျစ်-ဟိုဖ-လယ်တော ကျေးရွာချင်းဆက်လမ်း အရှည်(/)မိုင် မြေသားလမ်းပေါ်တွင် အရှည်(/)မိုင် ဖြုန်းကျောက်ခင်းလုပ်ငန်း၊ အဆိုပါ လမ်းပေါ်ရှိ ပေ ၄၀ ဘေလီတစ်လွှာတစ်ထပ် တံတားတစ်စင်း၊ ပေ ၂၀ ကွန်ကရစ်တံတား နှစ်စင်း၊ ပေ ၃၀ ဘေလီတစ်လွှာ တစ်ထပ်တံတားတစ်စင်း တည်ဆောက်ခြင်းလုပ်ငန်း၊ ဟိုဂျစ်-ဟိုဖ-လယ်တော အရှည်()မိုင် အနက်ဖောက်လုပ်ရန်ကျန်သည့် အရှည်(/)မိုင် မြေသားလမ်း ဖောက်လုပ် ခြင်းလုပ်ငန်း၊ ပန်တိန်း မီးသတ်စခန်းဝန်ထမ်းအိမ်ရာ ()ခန်းတွဲ()ထပ် တည်ဆောက်ခြင်းလုပ်ငန်းတို့ကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ အရည်အသွေးကောင်းမွန်စေရေး၊ သတ်မှတ်ကာလတွင် အချိန်မီပြီးစီးရေးနှင့် အားနည်းမှုများကို အချိန်မီပြုပြင်ဆောင်ရွက်သွားကြရန် လုပ်ငန်းအလိုက်ဆောင်ရွက်နေသည့် သက်ဆိုင်ရာ ကုမ္ပဏီမှ တာဝန်ရှိသူများကို မှာကြားခဲ့သည်။

 

အဆိုပါ လုပ်ငန်းများကို နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် (နယ်စပ်ဒေသဖွံ့ဖြိုးရေး) ပြည်ထောင်စု/ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)