မယ်စဲ့    ၇  နိုဝင်ဘာ

မယ်စဲ့မြို့နယ်ရှိ မဲရုံများကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေအား ယနေ့ မွန်းလွဲ ၁ နာရီက ကယားပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဦးတင်စိုး၊ ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဝင်များနှင့် အဖွဲ့ဝင်များက မယ်စဲ့မြို့နယ်အတွင်းရှိ မဲရုံများသို့ ဆန္ဒမဲလာရောက်ပေးမည့် မဲဆန္ဒရှင်ပြည်သူများ အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ဆောင်ရွက်ထားရှိမှု၊ မဲရုံအတွင်းအပြင် စီမံဆောင်ရွက်ထားရှိမှု၊ မဲရုံအတွင်း လျှို့ဝှက်ဆန္ဒပြုခန်းနှင့် သက်ဆိုင်ရာလွှတ်တော်မဲပုံးများ စနစ်တကျခင်းကျင်းထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မဲဆန္ဒရှင်များ လုံခြုံစိတ်ချစွာ ဆန္ဒမဲပေးနိုင်ရေး စီမံဆောင်ရွက်ကြရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

စိုင်းလျှမ်း(ပြန်/ဆက်)