မယ်စဲ့ ၂၄ ဒီဇင်ဘာ                                                    

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ပြည်သူများ ကျန်းမာရေးဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တို့ပူးပေါင်း၍ “ဘဝရှေ့ဆောင်ရက်တစ်ထောင် အနာဂတ်အတွက်အလင်းရောင်” ခေါင်းစဉ်ဖြင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ဒီဇင်ဘာ ၂၃ ရက်က  ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန Community Centre ၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် မြို့နယ်မိခင်ကလေးဌာန အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်မာရီးနာက ကိုယ်ဝန် ဆောင်မိခင်၊ နို့တိုက်မိခင်နှင့် မိသားစုဝင်များ ပူးပေါင်းပါဝင်ဆောင်ရွက်ရမည့် အချက်များ၊ ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ပညာပေးမှု၊ ဝန်ဆောင်မှု ပေးနေသည့် အခြေအနေနှင့် လူမှုဝန်ထမ်း ဦးစီးဌာနမှ ကလေးငယ်များ အာဟာရပြည့်ဝရေး MCCT အစီအစဉ်ဖြင့် ထောက်ပံ့ပေးနေမှုတို့ကို အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)