မယ်စဲ့  ၁၄  အောက်တိုဘာ

 

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ်မိခင်နှင်ကလေးကျန်းမာရေးဌာနမှ တောင်ပိုင်းရပ်ကွက်ရှိ အသက် (၄၀)နှစ်နှင့်အထက် ပြည်သူများအား ကျန်းမာရေး(အခမဲ့) စောင့်ရှောက်မှုပေးခြင်းကို အောက်တိုဘာ ၁၃ ရက်က တောင်ပိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူး နေအိမ်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်နေမှုအား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအယ်လ်ဖောင်းရှိုက ကွင်းဆင်း ကြည့်ရှုအားပေးခဲ့ပြီး အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်မာရီးနာနှင့် သားဖွားဆရာများက တောင်ပိုင်းရပ်ကွက်ရှိ အသက် (၄၀)နှစ်နှင့်အထက် ပြည်သူ(၂၇)ဦးအား သွေးတိုး၊ ဆီးချိုနှင့် မကူးစက်နိုင်သောရောဂါများအား အခမဲ့စစ်ဆေးဆောင်ရွက်ပေးခဲ့ပြီး လိုအပ်သောဆေးဝါးများအား ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

 

ဝတ်ရည်(ပြန်/ဆက်)